ဧည့်သည်များအတွက် သိမှတ်ဖွယ်ရာ
ဖွင့်ချိန်

မနက် ၄နာရီမှ ည ၁၀ နာရီထိ။ အောက်ဖော်ပြပါနေ့ရက်များမှလွဲ၍ ၂၄နာရီ ပတ်လုံး ဖွင့်လှစ်ထားပါသည်။

၁။ တပေါင်းလဆန်းရက်။                 ။ တပေါင်းလပြည့်နေ့ မတိုင်မီရက် (မတ်လ၀န်းကျင်) နှင့်
၂။ ၀ါခေါင်လဆန်းရက်။                   ။ ၀ါခေါင်လပြည့်နေ့ မတိုင်မီရက် (၀ါတွင်းအခါသမယ စတင်သည့် ဇွန်လ၀န်းကျင်)
နေ့စဉ်ဖွင့်လှစ်ထားပြီး ဘုရားရင်ပြင်ပေါ်ကို ၉ နာရီ ၄၅ မိနစ် နောက်ဆုံးထား တက်ရောက် ရမည်ဖြစ်သည်။

ရွှေတိဂုံ ဘုရား ပြခန်း

ရွှေတိဂုံစေတီတော်မြတ်သည် ဘာသာရေးဆိုင်ရာ နေရာတစ်ခုဖြစ်သည်သာမက မြန်မာလူမျိုး တို့၏ အနုပညာ၊ သမိုင်းကြောင်းနှင့် ဗိသုကာ လက်ရာများအားလုံးကို တစ်စုတစ်ဝေးတည်း သိုမှီးရာ နေရာလည်းဖြစ်သည်။

ပြခန်းတွင် စေတီတော်၏ အတ္ထုပ္ပတ္တိ၊ စေတီတော်ကို တည်ထားကိုးကွယ်ခဲ့ကြသူများအကြောင်း၊ ဗုဒ္ဓဘာသာ၏ အခြေခံသဘောတရားများ နှင့် ဗုဒ္ဓဘာသာဝင်များ၏ ရည်မှန်းချက်များပိုမို ထက်သန်လာစေရန် ရုပ်ပုံများဖြင့် ဂုဏ်ယူစွာပြသထားပါသည်။

ရင်ပြင်တော်ပေါ်ရှိပြခန်းတွင်ပြသထားသော သရုပ်ဖော်ပုံများ၊ ဓါတ်ပုံများမှတဆင့် စေတီတော်၏ သမိုင်းကြောင်းနှင့် သရုပ်သကန်များကို လေ့လာသိရှိနိုင်ပါသည်။

သွားရောက်ရန်

ရွှေတိဂုံဘုရားသို့ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေး ယာဉ်များစီး၍ သွားရောက်နိုင်ပါသည်။

ရွှေတိဂုံစေတီသို့သွားရန်အတွက် မိမိတည်းခိုသည့် ဟော်တယ်မှဝန်ထမ်းများကို တက္ကစီငှားရန် နှင့် ဘက်စ်ကားစီးရန် အတွက် မေးမြန်းနိုင်ပါသည်။

အလှူ ခံပုံးများ

ရွှေတိဂုံဘုရားပေါ်တွင် အလှူ ရှင်များအလွယ်တကူ ဒါနပြုနိုင်ရန် အလှူ ခံပုံးများထားရှိပါသည်။

ထိုအလှူ ခံပုံးများတွင် ရွှေဆိုင်း၊ လျှပ်စစ်မီး၊  ရေ၊ ဘုရားထိန်းသိမ်းစောင့်ရှောက်ရန်အတွက် စသဖြင့် အမျိုးအစားများ ခွဲခြားဖော်ပြထားသည်။

အလှူ ခံပြေစာ စာရွက်တွင် မိမိအမည်၊ မိသားစုအမည်တပ်၍ လှူ ဒါန်းလိုပါလျှင် ဘုရားဂေါပကရုံး သို့ဆက်သွယ်လှူဒါန်းနိုင်ပါသည်။

ရာသီဥတု

ရန်ကုန်မြို့သည် နွေရာသီတွင် အပူချိန် ၉၀ မှ ၁၀၀ ဒီဂရီဖာရင်ဟိုက် အထိ ရှိသည်။

ဧည့်သည်များအနေဖြင့် ရွှေတိဂုံဘုရားကို နွေရာသီအချိန်တွင် သွားရောက်လည်ပတ်မည်ဆိုပါက ရေများများသောက်ပြီး ပေါ့ပါးသည့် အ၀တ်အစားများကို ရွေးချယ်၍ ၀တ်ဆင်သင့်ပါသည်။

မိုးရာသီတွင် ပူနွေး စွတ်စိုပြီး အပူချိန် ၈၀ မှ ၉၀ ဒီဂရီဖာရင်ဟိုက် ကြားတွင်ရှိသည်။

Visitor Center ဖွင့်ချိန်

နံနက် ၈ နာရီ မှ ည ၉ နာရီ ထိ

ဝင်ကြေး

၈ ဒေါ်လာ (နိုင်ငံခြား ဧည့်သည်များသာ)

အသုံးပြုခွင့်ရခြင်း

ရွှေတိဂုံ စေတီတော် ၏ ရင်ပြင်တော်၊ Information Center များ နှင့် ဥပစာ နေရာများသို့ ၀ှီးချဲလ် အသုံးပြုသူများ သွားလာ နိုင်ပါသည်။
ဝှီးချဲလ်အသုံးပြုသူများ အနေဖြင့် စေတီတော်ပေါ်သို့ တောင်ဘက်မုခ်မှ  တက်ရောက်နိုင်ပါသည်။
တောင်ဘက်မုခ်တွင် ဓါတ်လှေကား ၂စင်းရှိပြီး အကူညီလိုအပ်ပါက ဘုရားဂေါပက အဖွဲ့ရုံးခန်းသို့ ဆက်သွယ်နိုင်ပါသည်။
Information Center တွင်ရှိသော ၀ှီးချဲလ် အရေအတွက်မှာ အကန့်အသတ်ရှိပါသဖြင့် (ဦးရာလူစနစ်) ဖြင့်သာရနိုင်ပါသည်။

အသုံးပြုနိုင်ခြင်း

ရွှေတိဂုံဘုရားတွင် ဘုရားဖူးနှင့် ဧည့်သည်များအတွက် သက်တောင့်သက်သာ နားနေရန်ဇရပ်များ၊တန်ဆောင်းများ၊ ကျန်းမာရေးအတွက် အပေါ့အပါး သွားရန်နေရာ စသည်များကို စီစဉ်ထား ပါသည်။ အစားအသောက်များကိုလည်း ဘုရား ၀န်းကျင်တွင် မှာယူသုံးဆောင်နိုင်ပါသည်။

အ၀တ်အစား ကန့်သတ်ချက်

ဘုရားဖူးဧည့်သည်တော်များအနေဖြင့် ရွှေတိဂုံစေတီ တော်မြတ်ကို လေးစားကြည်ညိုသည့်အနေဖြင့် မိမိတို့၏အ၀တ်အစားများကို ရိုးရိုးနှင့် ဣနြေ္ဒရရ ၀တ်ဆင်သင့်ပါသည်။ ဖော်ပြပါ အ၀တ်အစားကန့်သတ်ချက်အတိုင်း လိုက်နာဝတ်ဆင်ရမည်။ ဘောင်းဘီရှည် (သို့) ဒူးဖုံးသည့် ဘောင်းဘီတို၊စကတ်နှင့် တံတောင်ဆစ်အထိရှည်သည့် တီရှပ်အင်္ကျီများကိုဝတ်ဆင်နိုင်သည်။ ဘုရားရင်ပြင်တော် ပေါ်သို့ ဖိနပ်ချွတ်ပြီးမှသာ တက်ရောက် ရမည်။ ဖေါ်ပြပါအ၀တ်အစားကန့်သတ်ချက်နှင့်ပတ်သက်ပြီး မသိရှိ၍ မှားယွင်းဝတ်ဆင်မိလျှင် လည်း အပြစ်ကြီးကြီးမားမား မသက်ရောက်ပါ။

ရာသီဥတု

ယနေ့ 
22°C
Clear
A
မနက်ဖြန်
22°C
Clear
A